Tuesday, July 24, 2012

ဓမ္မပဒ (ပါဠိတော် - မြန်မာပြန် - အင်္ဂလိပ်)

၁။ ယမက ဝဂ္ဂ


၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.

၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။

၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

2. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with pure mind, joy and peace will follow like a shadow that never leaves the body.

၃။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။

၎။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့်ရန်သည် မငြိမ်းအေးနိုင်။

၎။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။

3. "He abused me, he injured me, and he robbed me"- those who have such thoughts in mind will not be free from hatred.

4. "He abused me, he injured me, and he robbed me"- those who do not have such thoughts in mind will be free from hatred.

၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

5. As a universal truth, hatred will never end by hatred: hatred will cease by loving kindness.

၆။ ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

6. The silly do not know that they must one day come to an end; but those who know this do not fight each other and their quarrels cease.

၇။ သုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု အသံဝုတံ။
ဘောဇနမှိ စာမတ္တညုံ၊ ကုသီတံ ဟီန၀ီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ၀ါတော ရုက္ခံဝ ဒုဗ္ဗလံ။

၈။ အသုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓ၀ီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ၀ါတော သေလံဝ ပဗ္ဗတံ။

၇။ တင့်တယ်၏ဟူ၍ အဖန်ဖန် ရှု၍နေသော ဣနြေ္ဒတို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ၀ီ ရိယယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည် အားနည်းသောသစ်ပင်ကို နှိပ်စက်ညှဉ်းဆဲဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။

၈။ မတင့်တယ်ဟု အဖန်ဖန်ရှု၍နေသော ဣနြေ္ဒတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဉ်၌ အတိုင်းအရှည်ကိုသိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် မနှိပ်စက်နိုင်။

7. The person who lives as though the things of the world were pleasurable, with senses uncontrolled and food immoderate, lazy and weak will be overpowered by Mara (craving), like the wind throws down a weak tree.

8. The person who lives as though the things of the world were not pleasurable, with senses well controlled and food moderate, faithful and strong , will not be overpowered by Mara (craving), like a mountain unshaken by the wind.

၉။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ၀တ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝမရဟတိ။

၁၀။ ယော စ ၀န္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝမရဟတိ။

၉။ (ဣနြေ္ဒကို)ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်းမရှိသော ကိလေသာဖန်ရေ မကင်းဘဲလျက် ဖန်ရည်စွန်း သော အ၀တ်(သင်္ကန်း)ကို ၀တ်သောသူသည်၊ ဖန်ရည် စွန်းသော အ၀တ်(သင်္ကန်း)နှင့် မထိုက်တန်။

၁၀။ ဣနြေ္ဒတို့ကိုဆုံးမလျက် မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရေကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းသောအ၀တ်နှင့် ထိုက်တန်၏။

9. One, who puts yellow robe with a soul which is impure, lacks in self-control (composure) and disregardful of truth is unworthy of the yellow robe.

10. One who is pure from sin and whose soul is strong in virtue, who has self-control and regards truth is indeed worthy of the yellow robe.

၁၁။ အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။

၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏၊ အနှစ်ရှိသော တရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏၊ ထိုသူတို့သည် မှားသော ကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိကြကုန်ရကား အနှစ် ရှိသောတရားကို မရနိုင်ကြကုန်။

၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ် မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည် မှန်ကန်သောကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိ ကုန်ရကား အနှစ်ရှိသော တရားကို ရနိုင်ကြကုန်၏။

11.Those who consider truth in untruth, and see untruth in truth, do not reach the truth, lost in the path of wrong views.

12. Those who consider truth in truth and untruth in untruth arrive at truth and follow true desires as they hold right views.

၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ၀ုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။

၁၄။ ယထာ အဂါရံ သုဆန္နံ၊ ၀ုဋ္ဌီ န သမတိဝိဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။

၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ မပွားထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။

၁၄။ အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

13. As rain penetrates the poorly thatched house that is poorly roofed, passion (raga) penetrates the unguarded mind.

14. As rain does not penetrate the well-guarded house, so passion (raga) does not penetrate the well-guarded mind.

၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ၀ိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

၁၅။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း စိုးရိမ်ရ၏၊ တမလွန်ဘ၀၌လည်း စိုးရိမ်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း စိုးရိမ်ရ၏၊ ထိုမကောင်းမှုပြုသူသည် မိမိ၏ညစ်နွမ်းသော ကံကို သိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။

15. The evil-doer suffers in this world and he suffers in the next, the man who does evil suffers in both worlds. He suffers and mourns when he sees the wrong he has done.

၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

၁၆။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏၊ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ၀မ်းမြောက်ရ၏၊ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သောကံကို သိမြင်ရ၍ ၀မ်း မြောက်ရ အလွန်ဝမ်းမြောက်ရ၏။

16. The virtuous person is happy in this world and after death, happy in both. Seeing the purity of his own action, he feels glad when he sees the good he has done.

၁၇။ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။

၁၇။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း ပူပန်ရ၏၊ တမလွန်ဘ၀၌လည်း ပူပန်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ပူပန်ရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီဟု ပူပန်ရ၏၊ ဒုဂ္ဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန် ပူပန်ရ၏။

17. The evil-doer suffers in this world and, he suffers in the next, he suffers in both. He suffers when he thinks of the evil he has done: he suffers even more when he has gone in the evil path to hell.

၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊ ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

၁၈။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏၊ တမလွန်ဘ၀၌လည်း နှစ်သက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏၊ ငါသည် ကောင်းမှုကို ပြုအပ်ပြီဟု နှစ်သက်ရ၏၊ သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

18. The virtuous man rejoices in this world, and he rejoices in the next world: the man who does well rejoices in both worlds. "I have done good deed", thus he rejoices and even happier when he has gone on the good path to heaven.

၁၉။ ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊ န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊ န ဘာဂ၀ါ သာမညဿ ဟောတိ။

၂၀။ အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊ ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊ သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ၀ါ ဟုရံ ၀ါ၊ သ ဘာဂ၀ါ သာမညဿ ဟောတိ။

၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့ အရသာကို မခံစားရသကဲ့သို့၊ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ် သုံးပုံဟူသော ဘုရားစကားတော်ကို များစွာပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့ တန်နေသောသူသည် ပြုထိုက်သည်ကိုပြုသည် မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ။

၂၀။ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း တရားအားလျော်သော အကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည် ဖြစ်၍ (ကိလေသာတို့မှ)လွတ်သော စိတ်ရှိသည်ဖြစ်လျက် ဤလောက၌ လည်းကောင်း၊ တမလွန် လောက၌ လည်းကောင်း စွဲလမ်းမှုမရှိတော့ပြီ၊ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။

19. If a man speaks many religious words of the Buddha (Tipita-ka) but does not put it into practice, this thoughtless man cannot enjoy the life of religion, like a cowherd counting others' cows, without knowing the taste of the milk.

20. If a man speaks a few religious words and yet he lives the life of those words (Dhamma), free from passion, hatred and illusion – with right vision and a free mind, craving for nothing both now and hereafter – the life of this man is a life of faithfulness in religion.
ဓာရဏပရိတ် နဿယ

၁။ ဗုဒ္ဓါနံ - မြတ်စွာဘာရားတို့၏၊ ဇီဝိတဿ - အသက်တော်၏၊ အန္တရာယော - ဘေးအန္တရာယ်ကို၊ ကေနစိ - တစ်စုံတစ်ယောက်သော သူသည်၊ ကာတုံ - ပြုခြင်းငှာ၊ နသက္ကာ - မတတ်နိုင်၊ တထာ - ထို့အတူ၊ မေ - တပည့်တော်အား၊ ဟောတု - ဖြစ်ပါစေသတည်း။

၂။ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ အတီတံသေ - လွန်လေပြီးသောအတိတ်အဖို့၌၊ အပ္ပဋိဟတံဉာဏံ - အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ အနာဂတံသေ - နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အ,ပ္ပဋိဟတံ ဉာဏံ - အဆီးအတားအပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပစ္စုပ္ပန္နံသေ - ပစ္စုပ္ပန် မျက်မှောက်ဖြစ်သောအဖို့၌၊ အပ္ပဋိဟတံ ဉာဏံ - အဆီးအတားအပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏။

၃။ တီဟိ - သုံးပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်။ ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်၊ ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့် ပြီးသောအမှုသည်၊ ဉာဏ ပုဗ္ဗင်္ဂမံ - ဉာဏ်တော် ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်၊ ဟောတိ - ဖြစ်၏။

၎။ ဆဟိ - ခြောက်ပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဆန္ဒဿ - သတ္တ၀ါတို့၏အကျိုး စီးပွားကို ပြုလိုသော ဆန္ဒတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ဓမ္မဒေသနာယ - တရားတော်ကို ဟောပြောခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ၀ီရိယဿ - သူတပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း၌ လုံ့လ၀ီရိယတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ၀ိပဿနာယ - သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့်ရှုမှု ၀ိပဿနာ ဉာဏ်တော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊ သမာဓိဿ - စိတ်တည်ကြည်မှု သမာဓိတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊ ၀ိမုတ္တိယာ - အရဟတ္တဖိုလ်ကို ၀င်စားတော်မူခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ။

၅။ ဒွါဒသဟိ - တစ်ဆယ်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတော် တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဒ၀ါ - ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည်၊ နတ္ထိ - မရှိ၊ ရ၀ါ - သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်း သည်၊ နတ္ထိ - မရှိ၊ အဖုဋံ - ဉာဏ်တော်ဖြင့် မတွေ့ မထိ မသိအပ်သော တရားသည်၊ နတ္ထိ - မရှိ၊ ဝေဂါယိတတ္တံ - ဉာဏ်ဖြင့် မဆင်မခြင် အဆောတလျင်ပြုသောအမှု သည်၊ နတ္ထိ - မရှိ၊ အဗျာဝဋမနော - သူတစ်ပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည်၊ နတ္ထိ - မရှိ၊ အပ္ပဋိသင်္ခါနုပေက္ခာ - ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်၊ နတ္ထိ - မရှိ။

အဋ္ဌာရသဟိ - တစ်ဆယ့်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ - ဤကျေးဇူး တရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ နမော - ရှိခိုးပါ၏၊ သတ္တန္နံ - ခုနှစ်ဆူကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနံ - ၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမတည်းဟူသော မြတ်စွာဘုရားရှင်တို့အား၊ နမော - ရှိခိုးပါ၏။

၆။ တထာဂတဿ - ၀ိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူ သော မြတ်စွာဘုရားအား၊ ကာယဒုစ္စရိတံ - ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ကာယဒုစရိုက်သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ - မြတ်စွာဘုရားအား၊ ၀စီဒုစ္စရိတံ - နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘၀စီဒုစရိုက်’ သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ - မြတ်စွာဘုရားအား၊ မနောဒုစ္စရိတံ - စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘မနောဒုစ္စရိုက်’ သည်၊ နတ္ထိ - မရှိ၊ အတီတံသေ - လွန်လေပြီးသော အတိတ်အဖို့၌၊ ဘဂ၀တော - ဘုန်တော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင် ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ အနာဂတံသေ - နောင်လာလတ္တံသော အနာဂတ်အဖို့၌၊ ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ပစ္စုပ္ပန္နံသေ - မျက်မှောက်သော အဖို့ကာလ၌၊ ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင် ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့ သွားမရှိခြင်းသည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက် ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြောအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဣမံဓာရဏံ - ဤအဆောင်သည်၊ ၀ါ - ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည်၊ အမိတံ - မနှိုင်းယှဉ်အပ်၊ အသမံ - တူမျှခြင်းလည်းမရှိ၊ သဗ္ဗသတ္တာနံ - ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့၏၊ တာဏံ - မှီခိုကိုးကွယ်ရာလည်း ဖြစ်၏၊ လေဏံ - ပုန်းအောင်းလဲလျောင်းရာလည်းဖြစ်၏၊ သံသာရဘယဘီတာနံ - သံသရာဘေးကို ကြောက်ရွံ့သော သူတို့၏၊ အဂ္ဂံ - အလွန်မြတ်သော၊ ပရိတ္တံ - အရံအတားဖြစ်၏၊ မဟာတေဇံ - ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော၊ ပရိတ္တံ - အရံအတားဖြစ်၏။

၇။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ဣမံ - ဓာရဏပရိတ္တံ - ဤသို့ တန်ခိုးရှိန်စော်အာနုဘော် ကြီးမြတ်သော ဓာရဏပရိတ်တော်ကို၊ ဓာရေဟိ - ရွတ်ဆောင်လော့၊ ၀ါရေဟိ - မှတ် သားလော့၊ ပရိပုစ္ဆာဟိ - မေးမြန်းစူးစမ်း ဆင်ခြင်လော့၊ တဿ - ထိုသို့ ရွတ်ဆောင်၊ မှတ်သား၊ မေးမြန်း၊ စူးစမ်းဆင်ခြင်သောသူ၏၊ ကာယေ - ကိုယ်၌၊ ၀ိသံ - မြွေ နဂါး စသည်တို့၏အဆိပ်သည်၊ နကမေယျ - မကျရောက်ရာ၊ ဥဒကေ - ရေ၌၊ နလဂ္ဂေယျ - မငြိတွယ်မနစ်မွန်းရာ၊ အဂ္ဂိ - မီးသည်၊ နဍဟေယျ - မလောင်ကျွမ်းရာ၊ နာနာဘယ ၀ိကော - အထူးထူးအပြားပြားများပြားစွာသော ဘေးရန်တို့သည် မထိမရောက်နိုင် ရာ၊ နဧကာဟာရကော - တစ်စုံတစ်ယောက်သောသူမျှ တစ်ရက်မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ၊ န ဒွိဟာရကော - နှစ်ရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န တိဟာရကော - လေးရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န ဥမ္မတ္တကံ - ရူးသွပ်ပျံ့လွင့်သော အနာလည်းမဖြစ်နိုင်ရာ၊ န မူဠကံ - တွေဝေမိုက်မဲ သော အနာလည်း မဖြစ်နိုင်ရာ၊ မနုေဿဟိ - လူတို့သည် လည်းကောင်း၊ အမနုေဿဟိ - ဘီလူးတို့သည် လည်းကောင်း၊ နဟိံသကာ - မညှင်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။

၈။ တံ ဓာရဏပရိတ္တံ - ထိုဓာရဏပရိတ်တော်သည်၊ ယထာကတာမေ - အဘယ်နည်း ဟူမူကား၊ ဇာလော - စကြ၀ဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်း ပယ်ဖျောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိတော်မူ၏၊ မဟာဇာလော - နတ်၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘာဏ်၊ ဘီလူး၊ ရက္ခိုက် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နှင့်တူသော ဘုန်းတန်ခိုးရှိန်စော် အာနုဘော် ရှိတော်မူ၏၊ ဇာလိတ္တေ - ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ပယ်ရှားတားမြစ်တော်မူနိုင်၏၊ မဟာဇာလိတ္တေ - ရောဂန္တရကပ်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်ဟုဆိုအပ်သော ကပ်သုံးပါးတို့မှ လွတ်မြောက်နိုင်ရာ၏၊ ပုဂ္ဂေ - အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေသော်လည်း အ ခြင်း၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရူးသွပ်၊ ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်ရာ၏၊ မဟာပုဂ္ဂေ - သစ်ပင်၊ တောင်ကမ်း၊ ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ၊ သမ္ပတ္တေ - မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်းတို့ကိုလည်း ရစေနိုင်ရာ၏၊ မဟာသမ္ပတ္တေ - ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်းတို့ကိုလည်း ကြီးကျယ်ပြန့်ပွား များနိုင်ရာ၏၊ ဘူတင်္ဂမှိ - ဟုတ်မှိန်သောအားဖြင့်၊ တမင်္ဂလံ - အမိုက်ပျောက်၍ အလင်းရောက်နိုင်တော်မူ၏။

အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ - ဤဓာရဏပရိတ်တော်ကို၊ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ - ခုနှစ်ဆယ့် ခုနှစ်ကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ - ကောင်းစွာဟောတော်မူအပ်ပြီ၊ ၀တ္တေ -ကောင်းသောအကျိုးနှင့်ယှဉ်၏၊ အ ၀တ္တေ - မကောင်းသောအကျိုးနှင့်မယှဉ်၊ ဂန္ဓဝေ - ကောင်းသောတရားအရသာ အနံ့မျိုးကိုဆောင်၏၊ အ ဂန္ဓဝေ - မကောင်းသော တရားအရသာ အနံ့မျိုးကိုမဆောင်၊ နောမေ - ကောင်းသော စိတ်နှလုံးကိုဆောင်၏၊ အ နောမေ - မကောင်းသော စိတ်နှလုံးကို မဆောင်၊ သေဝေ - သူတော်ကောင်းတို့ နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရသည် ဖြစ်၏၊ အ သေဝေ - သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖော်မယှဉ်တွဲ မမှီဝဲရသည် ဖြစ်၏၊ ကာယေ - ကောင်းသောကိုယ်ကို ဖြစ်စေ၏၊ အ ကာယေ - မကောင်းသောကိုယ်ကို မဖြစ်စေရာ၊ ဓာရဏေ - ကောင်းသော ကုသိုလ် အမှုကို ပြုဆောင်ရာ၏၊ အ ဓာရဏေ - မကောင်းသော အကုသိုလ်အမှုကို မပြုဆောင်ရာ၊ ဣလ္လိ - ကောင်းသောအိပ်မက်ကို မြင်မက်ရာ၏၊ မိလ္လိ - မကောင်းသော အိပ်မက်ကို မမြင်မက်ရာ၊ တိလ္လိ - ကောင်းသော အတိတ်နိမိတ်ကို မြင်ရ၏၊ မိလ္လိ - မကောင်းသော အတိတ်နိမိတ်ကို မမြင်ရ၊ ယောရုက္ခေ - သေပြီးသော သစ်ပင်တို့ကို ရှင်စေနိုင်၏၊ မဟာ ယောရုက္ခေ - ရှင်ပြီးသော သစ်ပင်တို့ကိုလည်း အကိုင်းအခက် အရွက်အလက်တို့နှင့် ပြည့်စုံစေနိုင် ၏၊ ဘူတင်္ဂမှိ - ဟုတ်မှန်သောအားဖြင့်၊ တမင်္ဂလံ - အမိုက်ပျောက်၍ အလင်းရောက် နိုင်၏၊

၉။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ - ဤဓာရဏပရိတ် တော်ကို၊ န၀န၀ုတိယာ သမ္မာ သမ္ဗုဒ္ဓ ကောဋီဟိ - ကိုးဆယ့်ကိုးကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ - ဟောတော်မူအပ်ပြီ၊ ဒိဋ္ဌိလာ - မကောင်းသဖြင့် ကြံသောသူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏၊ ဒဏ္ဍိလာ - ဓား၊ လှံ၊ လက်နက်၊ လေး၊ မြား၊ မီးပေါက်၊ အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်၊ မန္တိလာ - မန္တန် မန္တရား ဂါထာ အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏၊ ရောဂိလာ - ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်နိုင်၏၊ ခရလာ - ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့သည်လည်း မထိမရောက်နိုင်၊ ဒုဗ္ဘိလာ - ကြိုး၊ ထိပ်၊ သံခြေကျင်း၊ အချုပ်အနှောင်၊ ထောင်သွင်း အကျဉ်းချထားခြင်းတို့မှလည်း လွတ်စေနိုင်၏၊
ဧတေန သစ္စ၀ဇ္ဇေန - ဤသို့မှန်သော သစ္စာစကား ကြောင့်၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ (မေ - တပည့်တော်အား)၊ တေ - သင့်အား၊ (အမှာကံ - တပည့်တော့်တို့အား) (တုမှာကံ - သင်တို့အား)၊ သောတ္ထိ - ချမ်းသာခြင်း သည်၊ ဟောတု - ဖြစ်ပါစေသတည်း။
ပါဠိတော်
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။

၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။

၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ ၀စီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ။

၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ။

၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ။ နတ္ထိ ရ၀ါ၊ နတ္ထိ အမ္ဖုဋံ၊ နတ္ထိ ဝေဂါရိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိအတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ တံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။

၇။ ဣမ္မံ အာနန္ဒ ဓရဏပရိတ္တံ ဓာရေဟိ ၀ါရေဟိ ပရိပုစ္ဆာဟိ၊ တဿ ကာယေ ၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊ အဂိၢ န ဍေဟယ်၊ နာနာဘယ၀ိကော၊ နဧကာဟာရကော၊ နဒွိဟာရကော၊ နတိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။

၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံခေါ ပနာနန္ဒ ဓာရဏ ပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ ဘာသိတံ၊ ၀တ္တေ အ၀တ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။

၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀ န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ၊ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
http://www.chatapytz.com/chat/www/images/smiley10.gif



သီချင်းများ

အလွမ်းရဲ့ည ထူးအိမ်သင်ရဲ့ (ကြယ်တွေဆုံတဲ့ည) Nကိုင်ရာရဲ့ (မဝေးတဲ့ချစ်ခြင်း) ကြယ်ကြွေကောင်းကင် ပုံစံမတူတဲ့အချစ် လမင်းသစ်ပင် လမ်းဆုံ လမ်းဆုံ(၂) လျှို့ဝှက်ထားတယ် သိမ်းထားမှာလား ဂီတာအဉ္ဖလီ ကြယ် နောက်ကျရင်ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Neverတို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း
မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့